World Cup Qualification

0 comments

donjaun13 days ago2 min read

ဒီတပတ်မှာတော့ လိဂ်ပွဲစဉ်တွေ အစား နိုင်ငံတကာ ပွဲစဉ်တွေကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဇုန်အလိုက် ခွဲပြီး ကျင်းပတဲ့ ကမ္ဘာဖလား ခြေစစ်ပွဲနှင့် အခြား ချစ်ကြည်ရေး ခြေစမ်းပွဲတွေ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ World Cup Qualification UEFA zone မှာတော့ အုပ်စုပွဲစဉ်များ အကုန် မကစားရသေးခင်မှာပင် ခြေစစ်ပွဲ အောင်တဲ့ အသင်းတွေ ထွက်ပေါ်လာခဲ့ပြီး ဖြစ်ပါတယ်။

ခြေစစ်ပွဲ တိုက်ရိုက် အောင်သွားတဲ့ အသင်းနဲ့ တိုက်ရိုက်ဝင်ခွင့်ရဖို့ နောက်တဆင့် ကစားရမယ့် အသင်းတွေရယ် ဆိုပြီး ပေါ်ထွက်လို့ လာပါပြီ။ တချို့ အုပ်စုတွေမှာတော့ သိသာ ထင်ရှားနေတာမျိုး မဟုတ်ဘဲ အုပ်စု နောက်ဆုံးပွဲစဉ်များအထိ အကြိတ်အနယ် ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။

Group D က France, Group I က Norway, Group K က England အသင်းတို့ဟာ ဆိုရင် အုပ်စု ပွဲစဉ်များ မကုန်ခင်မှာပင် ခြေစစ်ပွဲအောင်မြင်ပြီး ကမ္ဘာဖလား ဝင်ခွင့် ရသွားခဲ့ပါပြီ။ England ဆိုရင် အစောဆုံး ခြေစစ်ပွဲ အောင်တဲ့အသင်းလို့တောင် ဆိုရမှာ ဖြစ်ပါတယ်။ 5 သင်း အုပ်စုမှာ 7 ပွဲ ကစားထားပြီး 7 ပွဲ နိုင်ဖြင့် ရာနှုန်းပြည့် နိုင်ပွဲ ရယူထားပါတယ်။ အိမ်ကွင်း အဝေးကွင်း နှစ်ကျော့ ကစားရတာမို့ လက်ကျန်ပွဲစဉ် တပွဲသာ ကျန်ပါတော့တယ်။

England လိုပဲ ရာနှုန်းပြည့် နိုင်ပွဲ ရယူထားတဲ့ နောက်တသင်းက Norway ဖြစ်ပါတယ်။ 7 ပွဲကစား 7 ပွဲနိုင် 21 မှတ် ရထားပါတယ်။ အဆင့် 2 က Italy က 18 မှတ်ဖြင့် ဖိအားပေးနေပါတယ်။ ဒါပေမယ့် အုပ်စု နောက်ဆုံးပွဲကို Norway တို့ ရှုံးခဲ့ရင်တောင် တိုက်ရိုက်ဝင်ခွင့်ကို ထိခိုက်မှာ မဟုတ်ပါဘူး။ ဂိုးကွာခြားချက်မှာ Norway က ပိုသာနေလို့ပါ။ Norway က GD +29, Italy က GD +12 ပါ။

Group E က Spain ကလည်း ရာနှုန်းပြည့် နိုင်ပွဲ ရယူထားပါသေးတယ်။ 4 ပွဲ ကစားပြီး 4 ပွဲလုံး အနိုင်ရထားပါတယ်။ Goat ကြီး Ronaldo ရဲ့ Portugal ကတော့ ယနေ့ မနက် ကစားခဲ့တဲ့ Ireland နဲ့ ပွဲစဉ်မှာ 2-0 ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် ပထမဆုံး ရှုံးပွဲနဲ့ တွေ့ကြုံခဲ့ရပါတယ်။ အရှုံး အပြင် ပိုဆိုးတာက Ronaldo အနေနဲ့ ပွဲချိန် 59 မိနစ်မှာ တိုက်ရိုက် အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

Ireland နဲ့ ပွဲစဉ်ကိုသာ အနိုင်ကစားထားနိုင်ခဲ့မယ်ဆိုရင် တိုက်ရိုက် ခြေစစ်ပွဲအောင်ဖို့ ပိုသေချာစေမှာ ဖြစ်ပါတယ်။ ခုတော့ Armenia နဲ့ အုပ်စု နောက်ဆုံးပွဲစဉ်က တိုက်ရိုက်ဝင်ခွင့်အတွက် အဆုံးအဖြတ် ပေးသွားမယ့် ပွဲစဉ် ဖြစ်သွားခဲ့ပါပြီ။

(photos from FIFA page)

Hashtags 9
A general topic community built around PoB technology and the POB token

Comments

Sort byBest