ဆင်ပျံကြီး
0 comments

Champion League Round 5 ပွဲစဉ်တွေ ကစားပြီးသွားခဲ့ပြီ။ ပြီးခဲ့သော ရာသီက စလို့ ပုံစံသစ်နဲ့ ကျင်းပခဲ့ခြင်း ဖြစ်၏။ အုပ်စု ပုံစံဖြင့် မဟုတ်ဘဲ အမှတ်ပေး ဇယား ပုံစံဖြင့် ဘယ်အသင်းချင်း ထိပ်တိုက် ကစားရမယ်ဆိုတာကို မဲနှိုက် 8 ပွဲကစားပြီး ဇယားထိပ်က 8 သင်းက 16 သင်းအဆင့်ကို တိုက်ရိုက် တက်ရောက်ခွင့် ရမည် ဖြစ်၏။ ကျန် 8 နေရာစာ အတွက်ကိုမူ အဆင့် 9 မှာ 24 အထိ အသင်းတွေ play off ထပ်မံ ကစားရမည် ဖြစ်၏။
Round 5 ပြီးချိန်မှာ ရှုံးပွဲ မရှိ ရာနှုန်းပြည့် နိုင်ပွဲ ဆက်နေတဲ့ အသင်းဆိုလို့ Arsenal တသင်းထဲသာ ရှိတော့၏။ ခုမှ ဆင်ပျံကြီး ဆိုသည့် နာမည်နဲ့ တကယ်လိုက်နေတာ။ EPL မှာလည်း 1 st, UCL မှာလည်း 1 st. ဒီနေ့ မနက်ပွဲမှာ ဂျာမန် ဘီလူးကြီး Bayern Munchen ကို အိမ်ကွင်းမှာ 3-1 ဖြင့် အနိုင်ယူထား၏။ နောက်ထပ် လန်ဒန် အသင်းတသင်း ဖြစ်သည့် Chelsea သည်လည်း အိမ်ကွင်းမှာ Barcelona ကို 3-0 ဖြင့် ဂိုးပြတ် အနိုင် ကစားထား၏။ King of the Cups ကြီးက အပီအပြင်ကို တီးပြနေလေ၏။

ကျန် EPL လေးသင်းကတော့ ရှုံးပွဲတွေနှင့် ကြုံသွားခဲ့၏။ Man City က အိမ်ကွင်းမှာ Leverkusen ကို 0-2 ဖြင့် ရှုံး၏။ New Castle က Marseille ကို 2-1 ဖြင့် လည်းကောင်း Tottenham က PSG ကို 5-3 ဖြင့် လည်းကောင်း ရှုံးနိမ့် သွားခဲ့ရ၏။ အဆိုးဆုံးကတော့ Liverpool ဖြစ်၏။ အိမ်ကွင်းမှာ PSV ကို 1-4 ဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။
Liverpool အသင်း အနေဖြင့် သမိုင်း တလျောက် အဆိုးရွားဆုံး ရလဒ်တွေနဲ့ ကြုံတွေ့နေရသည်ဟု ပြောရမည်ထင်။ ကိုယ်တွေ United လိုပေါ့။ ပြိုင်ပွဲစုံ အရပ်ရပ်မှာ ရှုံးပွဲတွေနှင့် တွေ့နေရ၏။ မနှစ်က EPL ချန်ပီယံ အနေနဲ့ ခုလောက်ထိကြီး ဆိုးရွားသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ နည်းပြ Arne Slot အနေဖြင့် ထုတ်ပယ်ခံရနိုင်သည့် အခြေအနေမျိုးထိ ဖြစ်သွားနိုင်၏။
UCL ဘုရင်ကြီး Real Madrid ကတော့ Olympiacos ကို အဝေးကွင်းမှာ 3-4 ဖြင့် အနိုင်ရသွားခဲ့၏။ Real Madrid အတွက် 4 ဂိုးလုံးကို Mbappe တယောက်ထဲကသာ သွင်းယူ ပေးသွားခဲ့၏။ ဒီနေ့မှာတော့ Europa နှင့် Conference League ပွဲစဉ်တွေ ကစားသွားဖို့ ရှိနေပါသေး၏။
(photos from Premier League & UCL pages)

Comments