Where is Our United

0 comments

donjaun2 days ago

United ပွဲက ဒီနေ့ မနက် 2 နာရီခွဲမှာ ကစား၏။ ပုံမှန်ဆိုရင်တော့ 1 နာရီ နောက်ပိုင်း ပွဲတွေဆို စောင့်ကြည့်‌လေ့ မရှိပေ။ နို့ပေမယ့် ဒီနေ့က အစောအိပ်ပျော်သွားပြီး မနက် 1 နာရီခွဲလောက်မှာ နိုးလာခဲ့၏။ ပြန်အိပ်မလား၊ United ပွဲ ကြည့်မလားပေါ့။ ရေသောက်ပြီး ပြန်အိပ်မယ်ပေါ့။ နောက်တော့ မထူးပါဘူး ကြည့်လိုက်မယ်ပေါ့။ အဲ့မှာ စလွဲတာပဲ။ ပြန် အိပ်ရင်တောင် အိပ်ရေးဝဦးမယ်။ ခုတော့။

Everton အသင်း 13 မိနစ်မှာ ကစားသမား တယောက် အထုတ်ခံရ၏။ အသင်းဖော် အချင်းချင်း စကားများရာမှ မျက်နှာကို လက်ဖြင့် ရိုက်သောကြောင့် ကစားသမား တယောက်ကို တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်လိုက်လေ၏။ (New Castle တုန်းကလည်း ထိုသို့ ဖြစ်ဖူးသေး၏) တယောက်လျော့သွားမှ ပိုတောင် ကောင်းသွားသေးသည်ဟု ပြောရမယ် ထင်ပါရဲ့။

29 မိနစ်မှာ Everton တို့ ဦးဆောင်ဂိုး ရ၏။ တယောက်အသာကိုမှ United ကစားသမားတွေ လျော့ရိလျော့ရဲ ကစားနေမှုကို အခွင့်ကောင်းယူပြီး သွင်းယူ သွားခဲ့၏။ ဂိုးပေးလိုက်ရလည်း United ကစားပုံက ထူးပြီး ကောင်းမလာပေ။ ပထမပိုင်း တပိုင်းလုံး ဘာမှ ထိရောက်အောင် လုပ်ပြတာမျိုး မတွေ့ရပေ။ ဒုတိယပိုင်းလည်း ထိုနည်းတူစွာပင်။

Everton အသင်း၏ ခံစစ်ကို United တို့ ထိုးဖောက် ကျော်လွန် နိုင်ခြင်း မရှိခဲ့ပေ။ အပိုင်အခွင့်အရေး အချို့ရပေမယ့် ကောင်းကောင်း အသုံးမချနိုင်တာရယ်၊ Everton ဂိုးသမားက လက်စွမ်းပြ ကာကွယ်နေတာတွေကြောင့် United တို့ ချေပဂိုး ပြန်လည် သွင်းယူ နိုင်ခြင်း မရှိခဲ့ပေ။

နောက်ဆုံးမှာတော့ မိနစ် 80 လောက် တယောက်အသာနဲ့ ကစားခဲ့သည့် United တို့ ရှုံးပွဲ တွေ့သွားခဲ့ရလေတော့၏။ နည်းပြ Amorim မကောင်းဘူးရယ် မဟုတ်ပါဘူး။ ဒါပေမယ့် United နဲ့တော့ လမိုင်းမကပ်ဘူးလို့ ပြောရပေလိမ့်မည်။ နည်းပြနှင့် ကစားသမား အချို့ အပြောင်းအလဲ လုပ်မှသာ အဆင်ပြေပေလိမ့်မည်။ နို့ဆိုရင် ဒီရာသီလည်း အဆင့် 10 အောက်လောက်နဲ့သာ ရာသီ သိမ်းရပေလိမ့်ဦးမည်။

(photos from Premier League Page)

Hashtags 8
A general topic community built around PoB technology and the POB token

Comments

Sort byBest