We Lose

0 comments

donjaun1 hour ago

EPL Round 17 ပွဲစဉ်တွေမှာ 9 ပွဲထိ ကစားပြီးသွားခဲ့ပြီ ဖြစ်၏။ အသင်းကြီး အချို့ အခြေအနေ မကောင်းကြပေ။ အထူးသဖြင့် London မြို့ခံ Chelsea, Tottenham တို့ပေါ့။ West Ham လည်း အဆစ်ပါသေး၏။ Chelsea က New Castle ကို 2-2 သရေ, Tottenham က Liverpool ကို 1-2, West Ham က City ကို 3-0 ဖြင့် ရှုံးနိမ့်သွားခဲ့ရ၏။

Man City ပွဲက Arsenal ထက် စောနေတာကြောင့် City တို့ ဇယားထိပ်မှာ ခဏ ရပ်တည်ခွင့်ရခဲ့သေး၏။ ဒါပေမယ့် Arsenal က Everton ကို 0-1 ဖြင့် နိုင်လိုက်တော့ သူ့နေရာနဲ့သူ ပြန်၍ ရောက်သွားခဲ့လေ၏။ Arsenal ကပဲ အမှတ်ပေးဇယားကို ဆက်လက်၍ ဦးဆောင်ထား၏။ Tottenham vs Liverpool ပွဲစဉ်မှာတော့ Tottenham ကစားသမား နှစ်ယောက်ထိကို အနီကဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရ၏။ 33 မိနစ်နှင့် 90+3 မိနစ် တွင် ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်၏။

ပထမပိုင်း ကတည်းက တယောက်လျော့ဖြင့် ကစားခဲ့ရ‌ပေမယ့် Tottenham တို့ Liverpool ကို အကောင်းဆုံး တုန့်ပြန် ကစားနိုင်ခဲ့၏။ သို့ပေမယ့် ဒုတိယပိုင်း 56, 66 မိနစ်တွေမှာ နှစ်ဂိုးဆက် ပေးခဲ့ရပြီးနောက်မှာတော့ Tottenham တို့ ထိန်းကစားနိုင်ခြင်း မရှိတော့ပေ။ 83 မိနစ်မှာ ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့သဖြင့် မျှော်လင့်ချက် ရှင်သန်သရောင် ရှိလာပေမယ့် ထပ်မံ ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ အရှုံးပေးခဲ့ရလေ၏။

Leeds အနေနဲ့ Crystal Palace ကို အနိုင်ကစားပြီး တန်းဆင်းဇုန်နှင့် လွတ်သည့်နေရာမှာ ရပ်တည်နေခဲ့၏။ အိမ်ကွင်းမှာ Crystal Palace ကို 4-1 ဖြင့် ဂိုးပြတ် အနိုင်ကစားပြီး အဆင့် 16 နေရာမှာ ရပ်တည်နေ၏။

Liverpool နှင့် ကပ်လျက်နေခဲ့လေ့ ရှိသည့် United တို့ ဒီတကြိမ်မှာတော့ ခပ်လှမ်းလှမ်း ဖြစ်သွားခဲ့လေ၏။ Aston Villa ကို 2-1 ဖြင့် ရှုံးပြီး အဆင့် 7 နေရာသို့ ရောက်သွားခဲ့လေ၏။ Aston Villa အနေဖြင့် ပြိုင်ပွဲစုံ 10 ပွဲဆက် အနိုင်ရသည့် စံချိန်တရပ်ကို ရယူနိုင်သွားခဲ့လေ၏။ အမှတ်ပေး ဇယား အဆင့် 3 နေရာဖြင့် Arsenal, Man City တို့ကို ဆက်လက်၍ ဖိအားပေးထားခဲ့‌၏။

နက်ဖြန် မနက် 2 နာရီခွဲမှာတော့ Fulham vs Nottm Forest တို့၏ ပွဲစဉ် ကစားသွားဖို့ ရှိနေ၏။

(photos from Premier League Page)


Hashtags 9
A general topic community built around PoB technology and the POB token

Comments

Sort byBest