Recommended Posts

ဝါးတီး

3 comments

donjaun10 days ago

တနေ့က သူငယ်ချင်း၏ ဆိုင်ဖွင့်ပွဲသို့ သွား၏။ ညောင်ရွှေသို့ သွားရမည် ဖြစ်၏။ သူငယ်ချင်း အားလုံး စုပြီး သွားကြဖို့ လုပ်ထားပေမယ့် တချို့က မအားကြတာနဲ့ ကျနော်နှင့် သူငယ်ချင်းတယောက်သာ သွားဖြစ်၏။ နောက်သူငယ်ချင်း တယောက်က နန်းပန်ကနေ လာမည် ဖြစ်၏။ အတူ သွားမယ့် သူငယ်ချင်းထံ မနက် ၉ နာရီလောက် သွား၏။ သူ့အိမ်ကနေ နှစ်ယောက်သား ဆိုင်ကယ်နဲ့ သွားကြ၏။ ၉ နာရီခွဲလောက် ထွက်၏။ ညောင်ရွှေကို ၁၀ နာရီလောက် ရောက်သွား၏။

ရောက်တာနှင့် ဆိုင်ရှင် သူငယ်ချင်းက ထမင်းစားဝိုင်းဆီသို့ တန်းပို့၏။ ကျနော်က မနက်အစော ဆွမ်းထလောင်းလေ့ ရှိတော့ မနက်က အဆာပြေ ဆိုပြီး နည်းနည်းစားထား၏။ အတူလာသည့် သူငယ်ချင်းက မစားထားပေ။ ရောက်မှ စားတော့မယ်ဟု သူက တွေးထား၏။ ဟိုမှာ ထမင်းမကျွေးရင် ဘယ်လို လုပ်မလဲဟု ကျနော်ကတောင် သူ့ကို နောက်လိုက်ပါသေး၏။ အဲ့ဆိုရင်တော့ ဆိုင်ရှင် သူငယ်ချင်းကို အပြင်မှာ လိုက်ကျွေးခိုင်းမယ်ဟု ဆိုလေ၏။

သူ ကံကောင်းပါ၏။ ဆိုင်ဖွင့်ပွဲက ထမင်းကျွေး၏။ ကြက်ဆီ ထမင်း ဖြစ်၏။ ကြက်သားကြော်နှင့် တွဲဖက် ကျွေးခြင်း ဖြစ်၏။ ထူးဆန်းတာက ငပိထောင်း ဖြစ်၏။ ငရုတ်ချဉ်အစား ငပိထောင်းနဲ့ ဆိုတော့ တမျိုးဆန်းနေ၏။ စားကြည့်တော့ အဆင်ပြေနေ၏။ သူ့ဟာနဲ့သူတော့ ဟုတ်နေရောပဲ။ အရည်သောက် ဟင်းတခွက်ပါ၏။ ကြက်ရိုးပြုတ်ရည်ကိုမှ အအီပြေစေရန် အချဉ်ဓါတ် အနည်းငယ် ထည့်ချက်ထား၏။

ကျနော်တို့လည်း စားကောင်းကောင်းနဲ့ အတော်စားလိုက်ကြ၏။ သူငယ်ချင်းက ၃ ပန်းကန်၊ ကျနော်က ၂ ပန်းကန် ကုန်၏။ နန်းပန်က သူငယ်ချင်းကို စောင့်ပေးရဦးမှာမို့ အနီးနားက ကော်ဖီဆိုင်မှာ သွားစောင့်နေလိုက်၏။ ဒီမှာက အကျွေးအမွေးနဲ့ လူတွေက များဆိုတော့ ပြီး စားလည်း စားပြီးပြီကိုး။ အတူလာ သူငယ်ချင်းက နန်းပန်က သူငယ်ချင်း ရောက်လာရင် ထပ်စားဦးမယ် ပြောနေသေး၏။

ကျနော်တို့ ကော်ဖီဆိုင်ရောက်ပြီး တနာရီလောက် ကြာတော့ နန်းပန်က သူငယ်ချင်း ရောက်လာ၏။ ဆိုင်ရှင် သူငယ်ချင်းနားသွား စကားတွေဘာတွေ ပြောပြီး ဒုတိယတကြိမ် ထပ်စားကြ၏။ ကျနော်က မစားနိုင်တော့ပေ။ သို့ပေမယ့် စားပါဟု ဇွတ်ပြောနေသဖြင့် နည်းနည်း ထပ်စားလိုက်၏။ ဗိုက်လည်း အတော် တင်းပြီး ပြည့်သွား၏။ စားရင်း စကားပြောရင်းပေါ့။ စားပြီးသောက်ပြီးနောက် ရှောင်းဟောင်းနှောင်းဖြစ်တွေ ပြောဆိုကြ၏။ ထို့နောက် ကိုယ်စီ အိမ်သို့ ပြန်ခဲ့ကြလေတော့၏။


Hashtags 10
A general topic community built around PoB technology and the POB token

Comments

Sort byBest