Recommended Posts

Wana Fun

1 comment

donjaun9 days ago

Freebit မှာ soin wheel လှည့်ခွင့် တရက် ၁၆ ကြိမ် ရထား၏။ BTC ဈေးကျသွားပေမယ့် တနာရီ တကြိမ် claim သည့်နေရာမှာ ပေးသည့် BTC ကတော့ မတိုးလာခဲ့ပေ။ ဟိုတခါ ဈေးကျတုန်းက 4 Satoshi ပေး၏။ ခုက 2 Satoshi ကနေကို မတက်လာတော့ပေ။ ဟိုအရင်ချိန်တွေ လွမ်းမိသား။ တခါ claim ရင် Satoshi ထောင်ဂဏန်း ရာဂဏန်းထိ ပေးလေ့ ရှိ၏။ အေးလေ အဲ့ချိန်တုန်းက BTC ကလည်း ခုလောက်ကြီးမှ ဈေးမရှိသေးတာကိုး။

ဒီကြားထဲ Free spins လှည့်ခွင့် လနှင့်ချီပြီး မရတာ ရှိခဲ့သေး၏။ မကြာခဏ mail တွေ ပို့မှ ပြန်ရ၏။ ဒါတောင် အချိန်ကြာမှ ပြန်ရ၏။ လောလောဆယ် FUN tokens ထပ်ဝယ်ဖို့တော့ မရှိသေးပေ။ Premium member အဆင့်ကို နောက်တဆင့် သွားချင်ပေမယ့် ထပ်ဝယ်စရာ လက်ထဲ အပိုမရှိနေပေ။ တနာရီ တခါ ဝင် claim ပြီး စုထားသည့် BTC ကလည်း အတိုးပြန်ရသည့် amount ကို ခုထိ ပြန်မရောက်နိုင်သေးပေ။ လွန်ခဲ့သော နှစ်က ထုတ်ပြီး သုံးပစ်ခဲ့လိုက်သည်ကိုး။ ဘယ်ဝယ်လိုက်မှန်း မမှတ်မိပေ။ တခုခုတော့ ဝယ်လိုက်၏။

Premium member ‌ဖြစ်ထားလို့ spins လေး လှည့်ခွင့်ရနေလို့သာပေါ့။ တနာရီ တကြိမ်က ယခင်လောက် မများတော့ မက်လောက်စရာ သိပ်မရှိတော့ပေ။ နို့ပေမယ့်လည်း နည်းနည်းလေးဆိုပြီး တယ်ကရလည်း မပြုရဲ။ BTC ရဲ့ ခရီးလမ်းကို သိပြီးနောက် ငါးမူးပဲ ရရ၊ ငါးပြးပဲ ရရ စုရမည် ဆိုသည့် အသိကို ရရှိခဲ့ပြီး ဖြစ်၏။

တနေ့က Freebit ထဲ ဝင်တော့ lock ချထားသည့် FUN tokens တွေ အချိန်ပြည့်လို့ unlock ဖြစ်နေ၏။ တစုံတရာ ထုတ်ယူသုံးစွဲဖို့ အစီအစဉ် မရှိသေးရကား lock ပြန်လုပ်ထားလိုက်၏။ တနှစ်စာ lock ချခြင်း ဖြစ်၏။ ရှေ့မှာ နှစ်ကြိမ်တိတိ lock ချထားဖူးခဲ့တယ် ဆိုတော့ ဒါက သုံးကြိမ်မြောက်ပေါ့။ တနှစ်နေရင် FUN tokens ဈေး ဘယ်လောက် ဖြစ်လာလေမလဲကို စိတ်ဝင်စားမိ၏။

လက်ရှိမှာ 0.002$ မှာ ရှိနေ၏။ 0.007$ ကနေ ဆင်းသွားလိုက်တာ ဒီကြားထဲ ပြန်တက်လာမလားကတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။ အမြင့်ဆုံး ရောက်ခဲ့ဖူးသည့် 0.33$ ပြန်ရောက်ဖို့က ဘယ်လောက်ကြာ ဘယ်အချိန် ပြန်ရောက်မယ် မသိသေးပေ။ နို့ပေမယ့် လက်ရှိ ဈေးကတော့ တချိန်က အနိမ့်ဆုံးဈေး 0.001$ နှင့် အတော်လေး နီးကပ်လို့နေ၏။ မည်သို့ပင် ဆိုစေ APY 10% ရသည်မို့ တနှစ်ထပ်မံပြီး lock ချထားလိုက်၏။ တချိန်တော့ FUN ကြောင့် ပျော်ရမှာပါလေ။


Hashtags 9
A general topic community built around PoB technology and the POB token

Comments

Sort byBest