We Got One Point

1 comment

donjaun18 days ago

EPL Round 11 ၏ ပွဲစဉ် ၅ ပွဲ ကစားပြီးသွားခဲ့၏။ နောက်ထပ် ၅ ပွဲကျန်၏။ ဒီနေ့မှာ ကစားသွားမည် ဖြစ်၏။ မနေ့က အစောဆုံး ပွဲစဉ် ဖြစ်သည့် Tottenham vs United ပွဲစဉ်မှာတော့ တဖက် ၂ ဂိုးစီဖြင့် သရေကျသွားခဲ့၏။ ဦးဆောင်ဂိုးကို United တို့က အရင် သွင်းယူ၏။ ဒုတိယပိုင်း 84 မိနစ် ရောက်မှ Tottenham တို့ ချေပဂိုး သွင်းယူ၏။ ချေပဂိုး ရပြီးနောက် စိတ်အားတက်ကြွကာ 90+1 မိနစ်မှာ Tottenham တို့ ဦးဆောင်ဂိုး ရသွားခဲ့၏။

အဆိုပါ ရလဒ်နဲ့ပဲ ပွဲပြီးမယ် ထင်ခဲ့ပေမယ့် 90+6 မိနစ်မှာ De Ligt က United အတွက် ချေပဂိုး ပြန်လည်လို့ သွင်းယူပေးခဲ့လေ၏။ ရင်ခုန်မှု အပြည့်နဲ့ ပွဲစဉ် ဖြစ်ခဲ့၏။ မိနစ် 80 ကျော်မှာ တိုက်စစ်မှူး Sesko ဒဏ်ရာ ရသွား၏။ သို့ပေမယ့် လူစားလဲမှု 5 ကြိမ်လုံး ပြုလုပ်ထားပြီး ဖြစ်တာကြောင့် United တို့ တယောက်လျော့ဖြင့်သာ လက်ကျန် ပွဲချိန်တွေကို ယှဉ်ပြိုင် သွားခဲ့ရ၏။

အနိုင်ရသင့်သည့် ပွဲ ဖြစ်ပေမယ့် အနိုင်ဂိုးကို ဆက်မထိန်းထားနိုင်ခြင်းကနေ ဂိုးတွေ ပြန်ပေးခဲ့လိုက်ရ၏။ မရှုံးတာကိုပဲ တော်သေးသည် ဆိုရမည်။ နောက်ဆုံး မိနစ် နောက်ဆုံးဂိုးသာ မဝင်ခဲ့ရင် United တို့ ရှုံးပွဲတွေ့သွားနိုင်၏။

United လိုပဲ 2-2 သရေ ရလဒ် ထွက်ပေါ်ခဲ့သည့် အသင်းကတော့ အဆင့် 1 က ဆင်ပျံကြီး Arsenal ဖြစ်လေ၏။ Sunderland ၏ နောက်ကျ ချေပဂိုးကြောင့် Arsenal တို့ အိမ်ရှင်အသင်းကို အမှတ်ခွဲဝေ ပေးခဲ့ရလေ၏။ နိုင်ပွဲဆက်နေမှုလည်း ရပ်တန့်သွားခဲ့ရလေ၏။

လန်ဒန် မြို့ခံ အသင်း ဖြစ်တဲ့ Chelsea ကတော့ ဇယား အောက်ဆုံးက Wolves ကို အိမ်ကွင်းမှာ 3-0 ဖြင့် အနိုင်ကစားသွားခဲ့၏။ ရလဒ်တွေ ဆိုးရွားနေသည့် Wolves အနေနဲ့ ဒီအတိုင်းဆို ဒီရာသီမှာ တန်းဆင်း သွားရနိုင်၏။ နောက်ထပ် လန်ဒန် မြို့ခံ အသင်း တသင်း ဖြစ်သည့် West Ham အနေနဲ့ကတော့ Burnley ကို 3-2 ဂိုးဖြင့် အနိုင်ရပြီး တန်းဆင်းဇုန်ကနေ ရုန်းထွက်ဖို့ ခြေလှမ်း ပြင်လာခဲ့လေ၏။

ဒီနေ့ မြန်မာစံတော်ချိန် ည 11 နာရီမှာတော့ Man City vs Liverpool တို့၏ ပွဲကြီးပွဲကောင်းကို ကြည့်ရှု အားပေးရပေလိမ့်ဦးမည်။

(photos from Premier League Page)

Hashtags 9
A general topic community built around PoB technology and the POB token

Comments

Sort byBest