The K-DRAMA I watched Last Night

2 comments

donjaun10 hours ago

ဒီလထဲမှာ ပိုစ့်တင် ပျက်ရက်တွေ များ၏။ မနေ့ရှေ့ တနေ့ကလည်း မတင်လိုက်ရပေ။ ဒါနဲ့ဆို ဒီလထဲမှာ ပိုစ့်တင်ဖို့ ပျက်ကွက်တာ သုံးရက် (သုံးကြိမ်) ရှိသွားခဲ့လေပြီ။ Hive ဈေးကျနေလို့ သိပ်အာရုံမထားတော့ဘဲ တင်ချင်သလို မတင်ချင်သလို ဖြစ်နေခြင်း မဟုတ်ပေ။ ဒီအတိုင်း အလုပ်တွေ ရှုပ်ပြီး ကြိုတင်ရေးထားတာ မရှိသဖြင့် မတင် ဖြစ်ခြင်း ဖြစ်လေ၏။

အလုပ်ရှုပ်တယ် ဆိုပေမယ့် အလုပ်တွေ မနားတမ်းတောက်လျောက် များနေတာမျိုး မဟုတ်ပေ။ သူ့ဟာနဲ့သူ အကြောင်းအမျိုးမျိုးကြောင့် ဆက်စပ်ပြီး အချိန်ကုန်သွားခဲ့ခြင်း ဖြစ်လေ၏။ ကျနော် ပျင်းတာလည်း ပါမပေါ့။ ခုရေးလို့ ရနေတာကို ခဏနေမှ ခဏနေမှ ဆိုပြီး ရွှေ့ရာကနေ ပိုစ့်တင်ချိန် ကျော်သွားတာနဲ့ပဲ မတင်လိုက်ရခြင်း ဖြစ်၏။ အလုပ်များနေလို့ ဆိုတာက အကြောင်းပြချက် သက်သက်သာ ဖြစ်ပြီး အဓိကက ကျနော် ဝေလေလေလုပ်နေခြင်းကြောင့် ဖြစ်လေ၏။

ဒီလထဲ ရုပ်ရှင် သိပ်မကြည့်ဖြစ်ပေ။ K Drama စီးရီး တခုတော့ ကြည့်ဖြစ်၏။ အပိုင်း သိပ်မများပေ။ ၁၂ ပိုင်းနဲ့ အပြီးဆိုတော့ ကြည့်ဖြစ်သွားခြင်း ဖြစ်၏။ Facebook မှာ သူများတင်ထားသည့် အပိုင်းတိုလေး ကြည့်မိရာကနေ စိတ်ဝင်စားလို့ လိုက်ရှာပြီး ကြည့်ဖြစ်သွားခြင်း ဖြစ်၏။ ကြည့်လို့ကောင်း၏။ စကြည့်ချိန်ကစလို့ တောက်လျောက်ကို ဆွဲခေါ်သွားခဲ့၏။ ကြည့်ကောင်းကောင်းနဲ့ တရက်ထဲ အပြီး ကြည့်လိုက်၏။ တရက်ထဲ ဆိုတာထက် တညထဲဟု ပြောမှ ပိုမှန်ပေလိမ့်မည်။ ည ၇ နာရီလောက်ကနေ စကြည့်လိုက်တာ မနက် ၄ နာရီထိုးမှ ပြီးလေ၏။

အိပ်ရေးပျက်သွားပေမယ့် တန်ပါ၏။ ထို့ကြောင့်လည်း တော်ရုံဆို စီးရီးတွေ သိပ်မကြည့်ဖြစ်ခြင်း ဖြစ်၏။ အထူးသဖြင့် သိပ်ရှည်သည့် စီးရီးဆို မကြည့်တော့ပေ။ အများဆုံး ၁၀ ပိုင်းလောက်သာ ရှိသည့် စီးရီးတွေသာ ကြည့်ဖြစ်၏။ ကြည့်ဖူးသမျှထဲ အရှည်ဆုံး စီးရီးက အပိုင်း ၂၀ ထိ ရှိသည့် အိန္ဒိယ စီးရီး တခု ဖြစ်လေ၏။

ကျနော် ကြည့်ဖြစ်သည့် စီးရီး နာမည်က The Price of Confession: 자백의 대가 (2025) ဖြစ်၏။ ကျနော့် မိတ်ဆွေတွေ ကြည့်ချင်လည်း ကြည့်လို့ရအောင် TG link ကို Comment မှာ ပေးထားပါမယ်။ ဇာတ်လမ်းကိုတော့ မပြောပြနေတော့ပါဘူး တော်နေကြာ ကြည့်ရတာ ပေါ့သွားမှာစိုးလို့။ ခဏတာ စိတ်အပန်းဖြေဖို့နဲ့ အချိန်လည်းရမယ်ဆိုရင် ဒီစီးရီးလေး ကြည့်ကြည့်ပါလို့ ညွှန်းပါရစေ။

(Photos from Gold Channel Myanmar)

Hashtags 9
A general topic community built around PoB technology and the POB token

Comments

Sort byBest