အဆုံးအဖြတ် ပွဲစဉ်များ

1 comment

donjaun11 days ago

Man United women အသင်း အနေနဲ့ မနေ့က Man City women အသင်းနဲ့ ပွဲစဉ်မှာ 3-0 ဖြင့် ရှုံးနိမ့် သွားခဲ့ရ၏။ Men အသင်းတုန်းကလည်း ဒီရာသီမှာ Man City ကို 3-0 နဲ့ ရှုံးထားခဲ့၏။ ရှုံးပုံ ရှုံးခြင်းတောင် လာတူနေသေးတယ်။ Man City အိမ်ကွင်း ဖြစ်နေတာမို့ အနိုင်ရဖို့ ခဲယဉ်းပေမယ့် သရေလောက်တော့ ကျသွားမယ် ထင်ထားပေမယ့် ရှုံးသွားခဲ့၏။ အဆင့် 1 အသင်းနဲ့ အမှတ် ကွာဟမှု လျော့ချဖို့ လုပ်ဆောင်ရမှာ ဖြစ်ပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်သွားခဲ့ပေ။

Man United women အသင်း အနေဖြင့် အဆင့် 1 က Man City women နှင့် 7 မှတ်ကွာ အနေအထား ဖြစ်သွားခဲ့ရ၏။ Chelsea women အသင်း အနေဖြင့် Liverpool နှင့်ပွဲကို အနိုင်ကစားထားနိုင်မှသာ Man City ကို ဖိအား ပေးထားနိုင်မည် ဖြစ်၏။

ဒီနေ့မှာ World Cup Qualification UEFA zone အုပ်စု နောက်ဆုံး ပွဲစဉ်များ ကစားသွားဖို့လည်း ရှိနေ‌ပါသေး၏။ Group F မှာ Portugal vs Armenia, Hungary vs Ireland တို့ ပွဲစဉ်မှာ Portugal အနေနဲ့ Armenia ကို အနိုင် ကစားထားနိုင်မယ်ဆိုရင် ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်မည် ဖြစ်၏။ Hungary vs Ireland ပွဲစဉ်မှာတော့ နိုင်တဲ့ အသင်းက နောက်တဆင့် အတွက် မျှော်လင့်ချက် ရရှိသွားမည် ဖြစ်၏။

Group D မှာတော့ France က တိုက်ရိုက်ခြေစစ်ပွဲ အောင်သွားပြီး ဖြစ်၏။ နောက်တနေရာ နောက်တဆင့် အတွက် Ukraine vs Iceland တို့ ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ Group K မှာတော့ နောက်တဆင့် နောက်တနေရာ အတွက် ယှဉ်ပြိုင်စရာ မလိုတော့ပေ။ England က တိုက်ရိုက် ခြေစစ်ပွဲအောင်၊ Albania က နောက်တဆင့် အတွက် ကစားခွင့် ရသွားခဲ့ပြီ ဖြစ်၏။

ကျန် Group များ၏ အုပ်စု နောက်ဆုံး ပွဲစဉ်များကိုလည်း နောက်ရက်တွေမှာ ဆက်လက် ယှဉ်ပြိုင် သွားဖို့ ရှိပါ၏။


Hashtags 9
A general topic community built around PoB technology and the POB token

Comments

Sort byBest