အေ အေ့ အေး (Chapter 1)

1 comment

donjaun28 days ago

ဒီရက်ပိုင်း သိသိသာသာ အေးလာ၏။ မနေ့ကဆို လေတွေပါ တိုက်၏။ ရာသီဥတုကအေးပါတယ်ဆို လေပါ တိုက်တော့ ဘယ်ပြောကောင်းမလဲ စိမ့်လို့။ စောင်ခြုံထဲ နေလိုက်၊ နေပူထဲ ထွက်လိုက်နဲ့ နေ့လည်ခင်းလောက်မှ အအေးသက်သာသွား၏။ ဒါတောင် အရိပ်ထဲနေရင် အေးနေသေး၏။ အမေ ပြောသလို မိုးကုန်တာနဲ့ အေးလေပြီ။ ဟိုး ပြီးခဲ့သောရက်က နှင်းမိုးလိုမျိူး မိုး ရွာ၏။ ထို မိုးရွာပြီး ကတည်းက ခုလို အေးလာတာပါပဲ။

ဒီအတိုင်းဆို ဒီဇင်ဘာ၊ ဇန်နဝါရီဆို ပိုအေးမည်ထင်။ ညနေစောင်းသည်နှင့် အနွေးထည် ထပ်နေရပြီ။ ညနက်လေ ပိုအေးလေ။ မနက်မနက် ဆွမ်းထလောင်းဖို့ ထရတာလည်း အရင်လောက် မလွယ်တော့ပေ။ ကိုယ်တွေက တော်ပါသေးတယ်။ ဆွမ်းလောင်းပြီး ပြန်အိပ်လို့ ရသေး။ ကိုရင်တွေက မနက် 4 နာရီခွဲ ထပြီး ပြင်ဆင်နေရတာ ဘယ်လောက် အေးလိုက်လေမလဲ။

မနေ့က Futsal ကန်ပြီးတော့ ထုံးစံအတိုင်း ရေချိုး၏။ ည 8 နာရီလောက်ပေါ့။ ဘာအေးသလဲ မမေးနဲ့။ ဒီနှစ်ထဲ ချိုးခဲ့သမျှထဲ အအေးဆုံးပဲ။ နောက်ရက်တွေလည်း Futsal ကစားပြီး ရေချိုးဦးမှာပဲ ဆိုတော့ အအေးဆုံးတွေ ထပ်လာဖို့ ကျန်နေပါသေး၏။ Futsal စ ကစားကတည်းက ကန်ပြီးရင် ရေချိုးနေကြ ဖြစ်၏။ ရေမှ မချိုး ရရင် မနေတတ်တော့။ ထို့ကြောင့် ဘယ်လောက် အေးအေး ရေကတော့ ချိုးနေဦးမှာပါပဲ။

ဒီနှစ်ထဲလို့ သုံးထားတာက ဘဝမှာ အအေးဆုံး ဆိုသည့် ရေကို ချိုးခဲ့ပြီးပြီ မို့‌မှာ။ အာဏာ မသိမ်းခင် ဟိုး ရှေ့နှစ်တွေ New Year Trekking သွားတုန်းက ပေါ့။ ကလောမြို့နယ်ထဲက ရွာတွေဘက် ဖြတ်ကျော် လျှောက်ကြခြင်း ဖြစ်၏။ ညအိပ်သည့် ရွာ နာမည်က ဝါးကြီးမြောင် ဖြစ်၏။ နာမည်နဲ့ လိုက်သည့် ရွာဟု ဆိုရမည်။ ဝါးပင်တွေ အတော်ပေါ၏။

ရွာ၏ ဘုန်းကြီးကျောင်းမှာက ဝါးပင်တွေ ပိုလို့ပင် ပေါသေး။ ကျောင်း ပတ်ပတ်လည်မှာ ဝါးပင်တွေနဲ့ အုပ်ဆိုင်းလို့။ နေရောင်တောင် ကြိုကြားလေးသာ ထိုးဖောက်နိုင်၏။ ည အိပ်နားဖို့ ညနေစောင်းမှာ ကျောင်းကို ရောက်၏။ ခဏ တဖြုတ် နားပြီး ရေချိုးဖို့ ပြင်ဆင်ရ၏။ တနေ့ကုန် လမ်းလျှောက်ထားတော့ ချွေးတွေနှင့် မလား။ ပြီး အညောင်းအညာ ပြေအောင်ပေါ့။

(ဆက်ရန်)

Hashtags 9
A general topic community built around PoB technology and the POB token

Comments

Sort byBest