သဘာဝပုံတွေနှင့် Hive မှာ ကျွန်တော်၏ သဘောထား
0 comments
မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။
HIVE မြန်မာမိသားစုဝင်များ နေကောင်းကျန်းမာကြပါရဲ့လား။
ဘေးကင်းရာမှာ နေထိုင်နိုင်ကြပါရဲ့လား။
စားဝတ်နေရေး စီးပွားရေးရော ပြေလည်ကြပါရဲ့လား။
ပိုလျှံနေပါလျှင်လည်း လိုအပ်နေသူတွေထံ လှူကြပါဦးနော်။

ဒီပုံလေးက ကျေးလက်တောဘက်က ညနေရှုခင်းပုံလေးပါ။
ဒီမှာ ပို့စ်တင်နိုင်ဖို့ သဘာဝရှုခင်းတွေကို ဓာတ်ပုံရိုက်ယူနေရပါတယ်။
ဒီမှာ ပို့စ်တင်ချင်တော့ မြင်သမျှ တွေ့သမျှ ပတ်ဝန်းကျင်သည်လည်း ကျွန်တော့် မျက်ဝန်း၌ လှပနေပါတော့တယ်။
နောက်ထပ်ပုံလေးတွေက အိမ်က ဇနီးက အလင်းပြန်ပုံရိပ်ပြိုင်ပွဲဝင်ဖို့ အလင်းပြန်ပုံ ရိုက်ယူထားတာပါ။
မြက်ပင်လေးတွေနဲ့တော့ ပြိုင်ပွဲ မဝင်ချင်တော့လို့ ဒီအထဲ ဖော်ပြလိုက်ပါတယ်။

Hive ဈေးက ကျလွန်းနေပါတယ်။
ယခင်နှစ်တွေကလည်း ဒီဈေးထိ ရောက်ဖူးပါတယ်။
ပြီးတော့ ဈေး ပြန်လည် တက်ခဲ့ပါတယ်။
များသောအားဖြင့် ဖေဖော်ဝါရီ နှင့် မက်စ်လ မှာ ဈေးတက်တတ်ပါတယ်။
ဒါကြောင့် ခုတော့ စုထားကြပါဦး။
ဈေးတက်မှသာ ရောင်းချပြီး ငွေဖော်ကြပါ။
ငွေအသုံးမလိုရင်လည်း အခြား တုန်ကင်တွေမှာ ရင်းနှီးမြှုပ်နှံကြပါ။

ဒါကတော့ ကျွန်တော်၏ အတွေ့အကြုံ သဘောထားမျှသာ ဖြစ်ပါတယ်။
စနစ်တကျ တွက်ချက် ခန့်မှန်း အကြံပြုခြင်းတော့ မဟုတ်ပါ။
ကဲ မိတ်ဆွေတို့၏ သဘောထားကရော အဘယ်သို့ရှိပါသလဲ။

Comments