Recommended Posts

Winter is Coming

0 comments

donjaun20 days ago2 min read

ဆောင်းဝင်တာ ကြာပြီ။ Arsenal အတွက်ကတော့ စနေနေ့ကမှ ဆောင်းဝင်တယ်ဟု ဆိုရမည်ထင်။ EPL မှာ ဆောင်းဝင်ပြီ ဆိုတဲ့ စကားက Arsenal ကို ရည်ညွှန်းပြီး ပြောကြလေ့ ရှိ၏။ ပြီးခဲ့သော နှစ်ရာသီဆက်တိုက် ဇယားထိပ်မှာ ဦးဆောင်ထားခဲ့ပြီးနောက်မှာ ခြေချော်ပြီး အဆင့် ၂ ဖြင့်သာ ပြီးဆုံးသွားခဲ့လေ၏။ ရာသီဝက် ချန်ပီယံတော့ ဖြစ်ခဲ့လေ့ ရှိပေမယ့် ရာသီသိမ်းရင် ချန်ပီယံဆုနဲ့ ကပ်တိုးလေး လွဲချော်နေခဲ့ရတာ တကြိမ်မကတော့ပေ။ ထို့ကြောင့် အဆိုပါ ဆောင်းဝင်ပြီ ဆိုသည့် စကားက Arsenal အတွက် ဖြစ်လို့ သွားခဲ့လေ၏။

ဆောင်းဝင်ခြင်း၊ Aston Villa နှင့် တွေ့ခြင်းတို့က Arsenal အတွက် အခက်တွေ့စေသည့် အရာတွေ ဖြစ်လေ၏။ မနှစ်က Arsenal ကို ဒုက္ခ ပေးခဲ့တာ Aston Villa ဖြစ်၏။ ခြေချော်ခြင်း ခရီးလမ်းအစကို Aston Villa ကပဲ ဖန်တီးပေးလိုက်ခြင်း ဖြစ်၏။ Aston Villa ကို ရှုံးပြီးနောက်မှာ Arsenal တို့ ရလဒ်ကောင်းတွေ ရအောင် မစွမ်းဆောင်နိုင်ခဲ့တော့ပေ။ ထို့ကြောင့် Arsenal အတွက် ပြဿနာ အားလုံးအစက Aston Villa ဖြစ်ချေ၏။

ဒီနှစ်မှာလည်း Aston Villa က ဇာတ်လမ်း စလို့လာခဲ့ပြီ။ ဒီနှစ်မှာတော့ ပထမကျော့မှာတင် Aston Villa က Arsenal ကို ဒုက္ခပေးလေ၏။ စနေနေ့ EPL Round 15 မှာ Arsenal တို့ Aston Villa ကို 2-1 ဖြင့် ရှုံးနိမ့်သွားခဲ့ရ၏။ Round 19 ပြီးရင် ရာသီဝက် ပြီးမှာ ဆိုတော့ 4 ပွဲကျန်သေး၏။ ဒီဇင်ဘာ ပွဲကြပ် ကာလကို အသင်းတိုင်း ဖြတ်ကျော်ကြရမည် ဖြစ်၏။ အသင်းတိုင်း စာမေးပွဲ စစ်ဆေးခံရသည့် ကာလဟု ပြောလို့ရ၏။

Arsenal က ရှုံးပေမယ့် အဆင့် ၂ က Man City က Sunderland ကို 3-0 ဖြင့် အနိုင်ရသွားခဲ့လေ၏။ Arsenal ကို 2 မှတ် အကွာကနေ ဆက်လက် ဖိအားပေးနေခဲ့၏။ Chelsea ကတော့ Bournemouth ကို အဝေးကွင်းမှာ ဂိုးမသွင်း နိုင်ဘဲ ဂိုးမရှိ သရေဖြင့် ပွဲပြီးသွားခဲ့လေ၏။

Liverpool လည်း ဒီတပတ်မှာ Chelsea လမ်းစဉ်သို့ လိုက်လေ၏။ Leeds ကို အဝေးကွင်းမှာ 3-3 သရေကျသွားခဲ့၏။ ဦးဆောင်ဂိုးတွေကို Liverpool က အရင်သွင်းယူခဲ့ပေမယ့် Leeds တို့က အကောင်းဆုံး ချေပနိုင်ခဲ့၏။ နောက်ကနေ လိုက်ကစားခဲ့ပြီး သရေတမှတ်ကို အရယူနိုင်ခဲ့၏။ Man City, Chelsea, Liverpool တို့နှင့် 3 ပတ်ဆက် ကစားခဲ့ရတဲ့ Leeds အနေဖြင့် Man City ကိုသာ ရှုံးခဲ့ပြီး Chelsea ကို အနိုင် Liverpool ကို သရေကစားနိုင်ခဲ့၏။ ချီးကျူးစရာပင်။

နက်ဖြန် မနက် 2 နာရီခွဲမှာတော့ United ပွဲစဉ် ရှိ၏။ Wolves အသင်းနှင့် အဝေးကွင်းမှာ ရင်ဆိုင်ကစားရမည် ဖြစ်၏။ နိုင်ပွဲ မတွေ့သေးဘဲ ဇယားအောက်ဆုံးမှာ ရပ်တည်နေတဲ့ Wolves ကိုတော့ United အနေဖြင့် အနိုင်ရတန် ကောင်းပါရဲ့။ သဘောထားကြီးပြီး အမှတ်တွေ ခွဲဝေပေးနေရင်တော့ မပြောတတ်တော့ပေ။

(photos from Premier League & United pages)

Hashtags 9
A general topic community built around PoB technology and the POB token

Comments

Sort byBest