Upgrade my FPL Team

1 comment

donjaun1.5 K23 days ago2 min read

International ပွဲစဉ်တွေကြောင့် ဒီတပတ်မှာ လိဂ် ပွဲစဉ်များ မရှိပေ။ FPL အသင်းကိုလည်း မစစ်၊ မကြည့် ဖြစ်တာ ကြာနေပြီ။ လူအပြောင်းအလဲ လုပ်ဦးမှပါလေ။ ပစ်ထားမိနေတာ ကြာခဲ့ပြီ။ ဒီနေ့ ဝင်ကြည့်တော့ Free transfer 5 ကြိမ် လုပ်ခွင့်တောင် ရှိထား၏။ သို့နှင့် ကစားသမား အပြောင်းအလဲ လုပ်လေတော့၏။ 5 ကြိမ်လုံး သုံးလိုက်၏။ နောက်တပတ်မှ ပြန်စမှာ ဆိုတော့ နောက်တပတ်ထဲမှာလည်း free transfer တကြိမ် ထပ်ရပေလိမ့်ဦးမည်။ ဒါပေမယ့် လောလောဆယ် လဲလှယ်ထားသည့် လူစာရင်းကို တချက် ကြည့်ပါဦးမည်။

မန်နေဂျာ လုပ်ရတာ လွယ်မလိုလိုနဲ့ ခက်၏။ သင်တော်သည့် ကစားသမား၊ ခြေစွမ်း ပြနိုင်မယ့် ကစားသမား အထူးသဖြင့် ကိုယ့် အတွက် အမှတ် များများ ရှာပေးနိုင်မယ့် ကစားသမားမျိုးကို ရှာနိုင်ဖို့ လို၏။ ဈေးကြီးတိုင်း ကောင်းနေတာမျိုး မဟုတ်ပေ။ FPL မှာက ‌ခြေစွမ်းမပြနိုင်တဲ့ ကစားသမားဆိုရင် တန်ကြေးကျသွားပြီး ခြေစွမ်းပြလာသည့် ကစားသမားဆိုရင် ‌ဈေးတက်လာလေ့ ရှိ၏။ Realistic ဖြစ်အောင် လုပ်ပေးထား၏။ ထိုအချက်က သဘောကျစရာပင်။

ဒီရာသီမှာ ဒဏ်ရာတွေ ရပြီး ပွဲထွက်ခွင့် နည်းနေသည့် Cole Palmer ကိုယ့် United က Mbeumo နဲ့ အစားထိုးလိုက်၏။ ဒီဘဲက ရေကုန်ရေခမ်း ကစားပေး၏။ သူ့ဆီမှာ United DNA ကို မြင်ရ၏။ ရှေ့ လယ် နောက် သုံးနေရာ စလုံး အပြောင်းအလဲ လုပ်လိုက်၏။ ‌အဓိကအားဖြင့် အလယ်တန်းကို ပိုပြီး ပြင်ဆင် ဖြစ်၏။ ကျနော်က 3-4-3 နှင့် 3-5-2 ကစားသူမို့ အလယ်တန်းက ကျနော့် အတွက် အဓိက ဖြစ်၏။

နောက်ထပ် အပြောင်းအရွှေ့တွေကိုတော့ စာရှည်မစိုးလို့ ထည့် မရေးတော့ပေ။ ပုံတွေတော့ ထည့်ပေးလိုက်ပါမယ်။ ကျနော် အပြောင်းအရွှေ့ကို တချက် ကြည့်ပြီး ဝေဖန် အကြံပြု ပေးပါဦး။ ယခင် လူစာရင်းထက် စာရင် ယခု ပြောင်းလဲ လိုက်တဲ့ လူစာရင်းကိုတော့ ပိုသဘောကျမိပါ၏။ နောက်ထပ် နှစ်နေရာလောက်သာ ပြောင်းလဲ ပြီးရင် ပိုပြီး အဆင်ပြေပြီ။

အမျိုးသား လိဂ်‌ပွဲတွေ မရှိပေမယ့် အမျိုးသမီးပွဲစဉ်တွေ ရှိ၏။ WSL ပွဲတွေကိုလည်း အခါအားလျော်စွာ ကြည့်ဖြစ်၏။ ဒီနေ့မှာ WSL ပွဲစဉ် အားလုံး ကစားသွားဖို့ ရှိနေ၏။ Game Week 6 ပွဲစဉ်တွေ ဖြစ်၏။Man United အမျိုးသမီးအသင်း အနေဖြင့် Everton အမျိုးသမီးအသင်း၏ အိမ်ကွင်းမှာ သွားရောက် ကစားရမည် ဖြစ်၏။

ဒီတပတ်အတွက် ပွဲကောင်းက Chelsea vs Tottenham တို့၏ ပွဲစဉ် ဖြစ်၏။ Chelsea က 13 မှတ်နဲ့ အဆင့် 1, Tottenham က 12 မှတ်နဲ့ အဆင့် 3 နေရာမှာ ရပ်တည်နေ၏။ Liverpool vs Man City တို့၏ ပွဲစဉ်ကလည်း ကြည့်ကောင်းနိုင်၏။ Chelsea vs Tottenham ပွဲစဉ် ရလဒ်ကို ကြည့်ပြီး အမှတ်ပေးဇယားထိပ်ပိုင်းက အသင်းတွေ အပြောင်းအလဲ ရှိလာနိုင်၏။ EPL မရှိတော့လည်း WSL ကြည့်တာပေါ့ဗျာ။

Hashtags 9
A general topic community built around PoB technology and the POB token

Comments

Sort byBest