United
0 comments

EPL Round 16 ပွဲစဉ်တွေ ဒီတပတ်မှာ ကစားခဲ့၏။ ကျန်နေသေးသည့် United vs Bournemouth ပွဲစဉ်ကတော့ နက်ဖြန် မနက် ၂ နာရီခွဲမှာ ကစားမည် ဖြစ်၏။ အမှတ်ပေးဇယား ရပ်တည်မှုကတော့ အပြောင်းအလဲ မရှိနေပေ။ ထူးခြားတာကတော့ Arsenal ၏ နိုင်ပွဲ ဖြစ်၏။ အမှတ်ပေး ဇယား အောက်ဆုံးက Wolves နဲ့ ရင်ဆိုင် ကစားရခြင်း ဖြစ်၏။ ထိုပွဲစဉ်မှာ Arsenal အသင်း 2-1 ဖြင့် အနိုင်ရသွားခဲ့၏။ နိုင်ပေမယ့် Arsenal ဂိုးမသွင်းပါ။ Arsenal ရသည့် 2 ဂိုးလုံးကို Wolves အသင်းကသာ သွင်းယူသွားပေးခဲ့၏။ 3 ဂိုးသွင်းသည့် Wolves အသင်း ရှုံးသွားခဲ့ရလေ၏။ Arsenal တို့ အနိုင်ရဖို့ ကိုယ်တိုင် ဂိုးသွင်းစရာ မလိုခဲ့ပေ။

Man City က Crystal Palace ကို အဝေးကွင်းမှာ 0-3 ဖြင့် ဂိုးပြတ် အနိုင်ယူပြီး အဆင့် 2 နေရာကနေ Arsenal ကို ဆက်လက် ဖိအားပေးထား၏။ Aston Villa အသင်းကလည်း West Ham ကို 2-3 ဖြင့် အနိုင်ယူပြီး အဆင့် 3 နေရာမှာ ရပ်တည်နေ၏။ Round 15 မှာတုန်းက Aston Villa ၏ Arsenal ကို အနိုင် ကစားထားခြင်းက အမှတ်ကွာဟမှုကို ကျဉ်းမြောင်းစေခဲ့၏။
Chelsea လည်း နိုင်ပွဲရ၊ Liverpool လည်း နိုင်ပွဲရ အသင်းကြီးတွေ ကိုယ်စီ အခြေအနေ ကောင်းခဲ့ကြ၏။ Tottenham ကတော့ Nottm Forest ကို 3-0 ဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။
United အနေဖြင့် နက်ဖြန်ပွဲစဉ်ကို အနိုင်ကစားခဲ့မယ်ဆိုရင် အဆင့် 5 နေရာထိကို တက်လှမ်းနိုင်မည် ဖြစ်၏။ ပြောသာပြောရတယ်။ မယုံရဲဘူးရယ်။ ကိုယ့်အသင်းက နိုင်သင့်တဲ့ပွဲဆို မနိုင်ဘူး။ မနိုင်လောက်ဘူး ထင်ထားပြန်တော့ နိုင်နေပြန်ရော။ ခက်သားလား။ တကယ်ဆို အစောပိုင်း ပွဲစဉ်တွေမှာ နိုင်သင့်တဲ့ပွဲတွေ နိုင်ခဲ့ရင် အမှတ်ပေးဇယား ထိပ်ပိုင်းနား ရှိနေမှာ အသေအချာပင်။
တည်ငြိမ်တဲ့ ပုံစံတခုကို မပြနိုင် မရသေးတဲ့ အသင်းဖြစ်နေတော့လည်း ခြေစွမ်း၊ ရလဒ်တွေက မှန်းဆရ ခက်နေဦးမှာပါပဲ။ ဒါပေမယ့် Bournemouth နဲ့ ပွဲစဉ်ကိုတော့ အနိုင်ကန်စေချင်မိပါတယ်။ UCL ဝင်ခွင့်ရဖို့ အတွက် အမှတ်တွေ ရရင် ရသလို ယူထားနိုင်ဖို့ လိုမည် မဟုတ်ပါလား။
(photos from Manchester United page)

Comments