Recommended Posts

ပျားတို့ ပျော်ချိန်

4 comments

donjaun21 days ago

December 6 ရက်နေ့က SDB page ကနေ enrollment လုပ်ထားတဲ့ pollen တွေကို SDB tokens အဖြစ် ပြောင်းပြီး မိမိတို့ ချိတ်ဆက်ထားတဲ့ SDB account သို့ ပေးပို့ပြီး ဖြစ်ကြောင်း ပိုစ့်တင် အသိပေး၏။ ည 8 နာရီမှ 10 နာရီအတွင်း Tokens တွေ ပို့ပေးထားသည်ဟု တလက်စထဲ ထည့်ပြောသွား၏။ မနက်မှပဲ စစ်ကြည့်တော့မယ် ဆိုပြီး ထားလိုက်၏။

မနက် SDB account ထဲ ဝင်ကြည့်၏။ မဝင်ခင် Developer option ကလည်း ပိတ်ရသေး၏။ ကျနော်က phone ကလိသူ မလား။ ဒါတောင် ခု phone က bootloader unlock လုပ်မရသေးလို့။ ရရင် root ဖောက်ပြီး‌ custom ROM သုံးနေပြီ။ အဲ့ခါကြရင်လည်း exchange တွေ၊ banking တွေ သုံးလို့ရအောင် root ကို hide ရဦးမယ်။ မရသေးတာလည်း တမျိုးလည်းကောင်းသလို တမျိုးလည်း မကောင်း။ မကလိရတော့ မပျော်ပေမယ့် အလုပ် မရှုပ်တော့ဘူးပေါ့။

Pollen 683400 enrollment လုပ်ထားခဲ့၏။ 1545 SDB tokens ပြန်ရ၏။ နည်းလား များလားတော့ မပြောတတ်ပေ။ SDB ပိုစ့်အောက်မှာတော့ pollen ပိုများတဲ့သူက SBD tokens နည်းနေလို့ ဆိုပြီး မေးထားကြတာကို တွေ့ရ၏။ ဘယ်အချက်တွေနဲ့ ဘယ်လို ခွဲဝေပေးတယ်ဆိုတာကို ထုတ်ပြန်ထားတာမျိုးတော့ မတွေ့ရသေးပေ။

ကျနော် ရတဲ့ အချိုးအစားအရဆို 1:400 နဲ့ ပေးခြင်း ဖြစ်၏။ အချို့တွေကြပြန်တော့ 1:500 နဲ့ ဖြစ်နေပြန်ရော။ Level ကြောင့်၊ skin တွေကြောင့်၊ background theme တွေကြောင့် အစရှိသဖြင့် ထင်မြင်ချက် ပေးကြတာမျိုးတွေလည်း ရှိပါ၏။ ကိုယ်တွေကတော့ ဘယ်လောက် ရရ တွက်နေချက်မနေတော့ပေ။ ကျနော် ရသည့် tokens က USD နဲ့ တွက်ကြည့်ရင်တော့ 9 USD ဖိုးလောက် ရှိမည်။ နောက်ပိုင်း ဈေးတက်လာရင်တော့ တန်ဖိုး ပိုတက်လာမှာပေါ့လေ။

ရလာသည့် SDB tokens ကို တခါထဲ earn ထဲ ထည့်ထားလိုက်၏။ 2.83 APY ဆိုတော့ 3% တောင် မပြည့်ပေ။ ဒါပေမယ့်လည်း အတိုး မပေးတာထက် စာရင် မဆိုးဘူးမလား။ အဝယ်ပဲ များသလို earn ထဲ ထည့်သူလည်း များကြပေလိမ့်မည်။ ကျနော်တောင် နည်းနည်း ထပ်ဝယ်ထားပြီး earn ထဲ ထပ်ထည့်ကာ အတိုးလေးနဲ့ ငြိမ့်ရင် ကောင်းမလား တွေးနေမိ၏။

Hashtags 9
A general topic community built around PoB technology and the POB token

Comments

Sort byBest