Recommended Posts

Manchester is Red

7 comments

donjaun1.4 Klast month2 min read

https://images.ecency.com/DQme4UXsAzvpBgYALWNc8sg5HPRTHvfzbpfR6PPMwsAybMk/img_0.27002338551447624.jpg

မနေ့က ကစားခဲ့သည့် Manchester Derby မှာ Man United က Man City ကို အဝေးကွင်းမှာ 1-2 ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ City တို့ ဦးဆောင်ဂိုး အရင် သွင်းခဲ့ပေမယ့် ပွဲချိန်ပြည့်ခါနီး နောက်ဆုံး မိနစ်တွေမှာ United က ချေပဂိုးနှင့် အနိုင်ဂိုးတွေကို သွင်းယူသွားခဲ့၏။ ဒီပွဲစဉ်အတွက် ချီးကျူးရမယ့် ကစားသမားကတော့ Amad Diallo ပဲ ဖြစ်ပါတယ်။ မိနစ် ၉၀ မှာ အနိုင်ဂိုးကို သူ သွင်းယူသွားခဲ့တာပါ။

အရေးကြီးတဲ့ ပွဲစဉ်တွေမှာ ဂိုးသွင်းလေ့ ရှိတဲ့ Amad ဟာ နည်းပြ Amorim လက်ထက်မှာတော့ ပိုပြီး ခြေစွမ်းပြလို့ လာနေခဲ့ပါတယ်။ မနှစ်က FA ဖလား Liverpool နဲ့ ပွဲစဉ်၊ အချိန်ပိုမှာ အနိုင်ဂိုး သွင်းခဲ့တာလည်း Amad ပဲ ဖြစ်ပါတယ်။ Ten Hag လက်ထက်မှာ တော်တော်ကြာမှာ တခါ ပွဲထွက်ခွင့် ရပေမယ့် ယာယီနည်းပြ Ruud လက်ထက်မှာ ပွဲချိန်များများ သူ ကစားခွင့် ရခဲ့ပါတယ်။ ခု Amorim လက်ထက်မှာတော့ ပွဲထွက် ကစားသမား အဖြစ်နဲ့ သူ ကစားခွင့် ရနေပါပြီ။

https://images.ecency.com/DQmUb5DYDkaniYV33EHkP2x8QSeDLSNH1AECkA4U59rVrDV/img_0.056373565483966596.jpg

Ruud က Amad ကို ပိုတိုးတက် ကောင်းမွန်လာဖို့ ကူညီပေးခဲ့တယ်၊ ခု Amad က ကျနော့်ကို ပြန်ကူညီ ပေးနေပါတယ်ဆိုပြီးတော့ နည်းပြ Amorim က ချီးကျူးထားပါတယ်။ ခု နိုင်ပွဲကြောင့် Manchester is Red လို့ ပြောလို့ရပေမယ့် City ပရိတ်သတ်တွေရဲ့ မင်းတို့ ဘယ်တော့မှ 4 ကြိမ်ဆက် ချန်ပီယံ ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ တဖန်ပြန် လေတိုက်ခြင်းကို United fan တွေ အောင့်သက်သက်နဲ့ ခံနေရပါတယ်။ (United က 3 ကြိမ်ဆက် ချန်ပီယံသာ ဖြစ်ခဲ့ဖူးပြီး City ကတော့ 4 ကြိမ်ဆက် ချန်ပီယံ ဖြစ်ထားပါတယ်)

ဒီတပတ်မှာ အမှတ်ပေး ဇယားကို ဦးဆောင်ထားတဲ့ Liverpool အနေနဲ့ အိမ်ကွင်းမှာ Fulham ကို 2-2 သရေကျခဲ့ပါတယ်။ Liverpool ရဲ့ သရေကျမှုကို အခွင့်အရေးမယူနိုင်ခဲ့တဲ့အသင်းကတော့ Arsenal ပဲ ဖြစ်ပါတယ်။ အိမ်ကွင်းမှာ Everton နဲ့ ဂိုးမရှိသရေကျခဲ့ပါတယ်။ Arsenal မယူနိုင်ခဲ့တဲ့ အခွင့်အရေးကို Chelsea က အရယူနိုင်ခဲ့ပါတယ်။ အိမ်ကွင်းမှာ Brentford ကို 2-1 ဖြင့် အနိုင်ယူပြီး Liverpool အသင်းထက် တပွဲ ပိုကစား ထားပြီး 2 မှတ်အကွာ အဆင့် 2 ကနေ ဆက်လက် ဖိအားပေးနေခဲ့ပါတယ်။ မနှစ်က ရလဒ်တွေ မကောင်းခဲ့ပေမယ့် ဒီနှစ်မှာတော့ သူတို့ဟာ ချန်ပီယံ စိန်ခေါ် နိုင်စွမ်းတွေပါ ရှိလာခဲ့ပါပြီ။

United ကတော့ City ကို နိုင်ခဲ့ပေမယ့် အမှတ်ပေး ဇယားမှာ အဆင့် 13 နေရာမှာပဲ ရှိနေပါသေးတယ်။ ချန်ပီယံလိဂ် ဝင်ခွင့်နေရာ ရဖို့ အတွက်ဆိုရင် ကျနော်တို့ နိုင်ပွဲတွေ ထပ်မံ ရယူနိုင်ဖို့ လိုပါဦးမယ်။

(photos from respective Facebook page)

Comments

Sort byBest
AI
Waivio AI Assistant
How can I help you today?