Keep Moving
0 comments

ဒီရက်ပိုင်း သိပ်မအားပေ။ Futsal ပြိုင်ပွဲ ရှိနေသောကြောင့် ဖြစ်၏။ ၁၀ ရက်နေ့ ပြိုင်ပွဲ စ၏။ ကျနော်တို့အသင်းက ၁၁ ရက်နေ့မှာ ကစားရ၏။ အုပ်စု (ဇ) ဆိုတော့ အုပ်စု နောက်ဆုံး ဖြစ်နေလို့ နောက်ရက်မှ ကစားရခြင်း ဖြစ်၏။ ပြိုင်ပွဲဝင် အသင်း စုစုပေါင်း ၂၆ သင်း ပါဝင် ယှဉ်ပြိုင်၏။ ၃ သင်း ၆ အုပ်စု၊ ၄ သင်း ၂ အုပ်စု ဖြင့် ယှဉ်ပြိုင်ကစားစေ၏။ ကျနော်တို့ အသင်းက ၄ သင်း အုပ်စုထဲ ကျ၏။ အုပ်စုပွဲ ၃ ပွဲကစားရမည် ဖြစ်၏။
ပထမပွဲ ၃-၃ သရေ၊ ဒုတိယပွဲ ၅-၁၊ တတိယပွဲ ၄-၃ ဖြင့် အနိုင်ရပြီး အုပ်စု ပထမနဲ့ နောက်တဆင့် တက်လေ၏။ ၁၆ သင်းအဆင့်မှာ သာမန် ပွဲကစားချိန်ထိ တဖက် တဂိုးစီ သရေကျနေခဲ့၏။ ပင်နယ်တီ အဆုံးအဖြတ် ယူရာမှာ ၄-၂ ဖြင့် ကျနော်တို့ အနိုင်ရပြီး နောက်တဆင့် တက်လေ၏။ အသင်း အနေဖြင့် ပြိုင်ပွဲကြီးတွေမှာ ပထမဆုံး အနေဖြင့် ကွာတားဖိုင်နယ် အဆင့်သို့ ရောက်ခဲ့လေ၏။ ထို့ပြင် အုပ်စု ပထမနေဖြင့်လည်း ရှုံးထွက်အဆင့်ကို တက်နိုင်ခဲ့ခြင်း ဖြစ်လေ၏။

ယခင် ပြိုင်ပွဲတွေတုန်းက အုပ်စု ဒုတိယဖြင့်သာ နောက်တဆင့် တက်လေ့ရှိ၏။ ပြီးလျှင် ၁၆ သင်း အဆင့်ကနေသာ လှည့်ပြန်ခဲ့ရလေ့ ရှိ၏။ ယခု တကြိမ်မှာ ကွာတား ဖိုင်နယ်ထိ ရောက်ခဲ့တယ် ဆိုတော့ ရလဒ်အရ ကြည့်ရင် အသင်းအနေဖြင့် အောင်မြင်တယ်ဟု ပြောလို့ရ၏။ ထို့ပြင် ဘာလိုအပ်ချက်တွေ ရှိနေသေးလဲ ဆိုတာကိုပါ ပိုမိုသိမြင်ခဲ့ရ၏။
နောက်တဆင့်တက်တယ်၊ နောက်တဆင့်မှာ ပိုကောင်းတဲ့ အသင်းတွေနဲ့ တွေ့ရ၊ ယှဉ်ပြိုင်ရတယ်။ သူတို့နဲ့ ကိုယ်တွေ အသင်း ဘာကွာတယ် ဘာလိုအပ်ချက်တွေ ရှိတယ် ဆိုတာကို သိမြင်ခွင့်ရခဲ့တာကလည်း အသင်းအတွက် အကျိုးရှိခဲ့ပါတယ်။ နောက်ထပ် ပြိုင်ပွဲတွေ ရှိလာဦးမှာမို့ ပြင်ဆင်သင့်တာ ပြင်ဆင်ပြီး ယခုအဆင့်ထက် မြင့်သည့် နေရာကို တက်လှမ်းနိုင်ဖို့ ကြိုးစားသွားပါဦးမည်။

Comments