Check My Team

0 comments

donjaun2 hours agoPeakD

1000007004.jpg

ဒီတပတ်တော့ လိဂ်ပွဲများ ပြန်ကစားမည် ဖြစ်၏။ International break မှာ ရပ်နားထားခဲ့ခြင်း ဖြစ်၏။ ဒီတပတ် International ပွဲတွေက ကြည့်လို့ကောင်း၏။ ရင်ခုန် စိတ်လှုပ်ရှား စရာ အပြည့် ပွဲစဉ်တွေ ကြည့်ခဲ့ရ၏။ Hungary vs Ireland, Scotland vs Denmark အစရှိသည့် ပွဲစဉ်တွေက တကယ်ကို ရသစုံ ပွဲစဉ်တွေ ဖြစ်ခဲ့၏။

EPL ပြန် ကစားတော့ ပစ်ထားတာ ကြာနေပြီ ဖြစ်တဲ့ FPL လေး ပြန်သွား စစ်ရသေး၏။ Free transfer 4 ကြိမ် ရထားသမို့ ဒဏ်ရာရ ကစားသမားတွေနှင့် first lineup မရသည့် ကစားသမားတွေကို အပြောင်းအလဲ လုပ်ရပြန်၏။

1000007002.jpg

1000007000.jpg

ကိုယ့်ကံကလည်း ရယ်ရသားလား။ ဟ ဒီ‌ကစားသမား ကောင်းနေ၊ ကြမ်းနေလို့ ဝယ်ထားလိုက်မှ နာသွားရတာနဲ့ lineup မဝင်တော့တာနဲ့ ဟုတ်နေရော။ FotMob မှာ သွားကြည့်ပြီး performance တွေ လိုက်မှတ်ရသေးတယ်။ ကိုယ်ကြိုက်တဲ့ ကစားသမားက rating မကောင်းနေရင် points က ရသင့်သလောက် ရမှာ မဟုတ်ပေ။

အလယ်တန်းကတော့ သိပ်ထွေထူး ပြင်စရာ မရှိပေ။ နောက်တန်းနဲ့ အရံဂိုးသမားကို အပြောင်းအလဲ လုပ် လိုက်၏။ အလယ်တန်းက လွန်ခဲ့လက ဝယ်ထားသည့် Bournemouth က Semenyo က injury မိနေလို့ ကစားနိုင်ရန် ရာနှုန်း ၇၅ ပဲ ရှိတယ်တဲ့။ ဒါနဲ့ ၃-၅-၂ အစား ၃-၄-၃ ကစားကွက် ပြန်ပြောင်းရသေးတယ်။

နောက်တန်းကိုတော့ Dorgu (Man United) ကို Hartman (Burnley), Akinmboni (Bournemouth) ကို De Ligt (Man United) တို့နှင့် အပြောင်းအလဲ လုပ်လိုက်၏။ ဂိုးသမား Marshall (Aston Villa) ကိုတော့ Verbruggen (Brighton) နဲ့ ‌အပြောင်းအလဲ လုပ်ခဲ့ လိုက်ပါတယ်။ ဒီတပတ် ဘယ်နှယ်မှတ် ရမလဲကတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။


Hashtags 8
A general topic community built around PoB technology and the POB token

Comments

Sort byBest