2 nd Day of UCL ( Round 3 Ended)

0 comments

donjaun1.5 K12 days ago2 min read

ဒီတပတ် အတွက် UCL ပွဲစဉ်တွေ အားလုံးကတော့ ပြီးစီးလို့ သွားခဲ့ပြီ ဖြစ်၏။ ဒုတိယနေ့ ပွဲစဉ်တွေလည်း ပထမနေ့ ပွဲစဉ်တွေလိုပဲ ဂိုးပြတ်ပွဲစဉ်တွေ ထွက်ပေါ်ခဲ့၏။ နို့ပေမယ့် ပထမနေ့လောက်တော့ ဂိုးတွေ မများခဲ့ပေ။ ဂိုးမရှိ သရေပွဲ နှစ်ပွဲ၊ 1-0 ပွဲစဉ် တပွဲ ကလွဲလို့ ကျန်ပွဲစဉ်တွေက ပထမနေ့လို 2 ဂိုး အထက် ပွဲစဉ်တွေ ဖြစ်ခဲ့၏။ 1-0 ပွဲစဉ်က Real Madrid vs Juventus တို့၏ ပွဲစဉ် ဖြစ်၏။

EPL က သုံးသင်းထဲမှာ Tottenham ကတော့ ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ခဲ့၏။ Monaco ၏ အိမ်ကွင်းမှာ သွားရောက် ကစားရခြင်း ဖြစ်၏။ ကျန် နှစ်သင်း ဖြစ်သည့် Chelsea & Liverpool တို့ကတော့ အနိုင်ရလဒ်တွေ ရယူနိုင်ခဲ့၏။ နိုင်တာတင် တူတာ မဟုတ်ဘဲ ဂိုးရလဒ်ပါ တူ၏။ Chelsea က Ajax ကို 5-1, Liverpool က Frankfurt ကို 1-5 ဖြင့် အသီးသီး အနိုင်ရသွားခဲ့၏။

ဒီတကြိမ်မှာတော့ Chelsea တို့ အနီကဒ် မမိတော့ဘဲ ပြိုင်ဘက် Ajax သာ အနီကဒ် မိသွားလေ၏။ Chelsea တို့ ပွဲဆက် အနီကဒ်ထိမှု ရပ်သွားလေပြီ။ Chelsea လိုပဲ ရှုံးပွဲဆက်နေမှုကို ရပ်တန့် နိုင်ခဲ့သည့် အသင်းက Liverpool ဖြစ်လေ၏။ အဝေးကွင်းမှာ Frankfurt ကို ဂိုးပြတ် သွင်းယူပြီး လေးပွဲဆက် ရှုံးနိမ့်မှုတွေကနေ ရုန်းထွက်ကာ ငါးပွဲမြောက်မှာ အနိုင် ပြန်ရှာ တွေ့သွားခဲ့ပြီ ဖြစ်၏။

ဂျာမန်ဘီလူးကြီး Bayern Munchen ကလည်း Club Brugge ကို အိမ်ကွင်းမှာ လေးဂိုးပြတ် အနိုင်ကစားသွားခဲ့၏။ Amorim ၏ အသင်းဟောင်း Sporting CP ကတော့ Marseille ကို 2-1 ဖြင့် အနိုင်ရသွားခဲ့၏။

ဒီနေ့ည 11 နာရီ 15 မိနစ် နှင့် နက်ဖြန် မနက် 1 နာရီခွဲချိန်များမှာတော့ Europa League & Europa Conference League ပွဲစဉ်တွေ ကစားသွားဖို့ ရှိနေ၏။ Europa League မှာ EPL မှ Aston Villa & Nottm Forest တို့ Europa Conference League မှာတော့ Crystal Palace အသင်း ပါဝင် ယှဉ်ပြိုင် ကစားနေ၏။

Aston Villa အနေဖြင့် နှစ်ပွဲကစားပြီး နှစ်ပွဲလုံး အနိုင်ရထား၏။ ဒီနေ့မှာ Go Ahead Eagles အသင်း၏ အိမ်ကွင်းမှာ သွားရောက် ကစားရမည် ဖြစ်၏။ Nottm Forest အနေဖြင့် တပွဲ သရေ၊ တပွဲရှုံး ရလဒ် ထွကိပေါ်ထား၏။ ဒီနေ့မှာ FC Porto အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမည် ဖြစ်၏။

Conference League တွေကတော့ တပွဲသာ ကစားထားသေး၏။ Crystal Palace အနေဖြင့် အဆိုပါ ပွဲစဉ်ကို အနိုင်ကစားထား၏။ ဒီနေ့မှာ AEK Larnaca အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားရမည် ဖြစ်၏။ UCL, UEL, UECL ပွဲစဉ်တွေ အကြိတ်နယ် အရှိသည့် ပွဲကောင်းတွေ မှန်ပေမယ့် Man United မပါတော့ ဆားမပါသည့် ဟင်းတခွက်လို ဖြစ်နေလေတော့၏။

(photos from UEFA UCL page)

Hashtags 9
A general topic community built around PoB technology and the POB token

Comments

Sort byBest