Beautiful Sunset Scenery Painting
0 comments
ဒီနေ့ နေဝင်ချိန် ရှုခင်းပုံတစ်ပုံကိုဆွဲထားပါတယ်။ ထိုပုံထဲမှာ နေရဲ့အလင်းရောင်က ရေပြင်မှာ အရိပ်ကျရောက်နေတဲ့ပုံစံဖြစ်ပြီး ကျောက်ဆောင်များလည်းပါရှိတယ်။ကျောက်ဆောင်တွေပေါ်မှာလည်း ပန်းပင်များနဲ့အခြားအပင်များရှိနေပုံကို ဆွဲထားပါတယ်။ ထိုပုံကို watercolors ဖြင့်ဆွဲထားတာပါ။





ပထမအဆင့်မှာ ထိုပုံကို ခဲတံဖြင့်ဆွဲ၍ background ကို ပန်းရောင်၊ အဝါ၊လိမ္မော်နဲ့ ခရမ်းရောင်တို့ဖြင့်ဆေးခြယ်ပါတယ်။


ပုံရဲ့အလယ်မှာ တောင်တန်းတစ်ခုကို ခရမ်းရောင်ဖြင့်ခြယ်၍ ကျောက်ဆောင်များကို အနက်ရောင်ခြယ်ပါတယ်။ ကျောက်ဆောင်တစ်ခုရဲ့အရိပ်ကိုလည်း ဆွဲထားပါတယ်။


နေကို အဖြူရောင်နဲ့ လိမ္မော်ရောင်ဖြင့်ခြယ်၍ အောက်ခြေကျောက်ဆောင်ရဲ့ တစ်ဘက်မှာ အပင်များကို အနက်ရောင်ဖြင့်ခြယ်တယ်။ ကျောက်ဆောင်ပေါ်မှာလည်း ပန်းပင်တွေကို အစိမ်း၊ အနီ၊အဝါနဲ့ အဖြူရောင်တို့ဖြင့်ဆွဲထားပါတယ်။




ထိုပုံက တကယ့်ကိုလှတယ်လို့ထင်ပါတယ်။

September 8, 2025
Comments