Recommended Posts

My Entry For Around The World- Challenge #40/5🌎

8 comments

ansoe1 Kyesterday2 min read

Hello everyone, have a nice day.

I have often written that I love to travel. I like not only traveling but also taking pictures of natural scenery. That's why I chose to share this week's entry photo of a beautiful and peaceful waterfall that I took while traveling. The name of the beautiful and peaceful waterfall is called Taw Kyal Waterfall.


https://images.ecency.com/DQmee6WJyiioncj5fvDmUvPrAbVaJqnnzD41rbEMWckNBMa/img_20221102_094810_01.jpeg


https://images.ecency.com/DQmbzFn5kPyaN2VaSGHLtyBomGuwpU72s6s8m7ctHifmE2N/img_20221102_094931_01.jpeg


Taw Kyal Waterfall is located in southern Shan State. It is in Ywangan Township. There are many waterfalls in Ywangan Township. It is an area full of pleasant views and peaceful and quiet places. It is also an area designated as a virgin area.

The photo of this Taw Kyal Waterfall was taken when I visited the Ywangan last years ago. As the rainy season ends and winter is approaching, the water in the waterfall is decreasing. During the rainy season, the waterfall is very beautiful because of the abundance of water. The coffee produced in the Ywangan area is also famous. At this time, there is no peace due to civil wars all over Myanmar, so it is not convenient to travel. The day the country is peaceful, I still want to visit Ywangan Township again, where there are many things to learn.


အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးဖြစ်ကြပါစေ။

ကျွန်တော်က ခရီးသွားရတာကို သဘောကျကြောင်း မကြာခဏရေးဖူးပါတယ်။ ခရီးသွားရတာသာမကပဲ သဘာဝရှုခင်း‌တွေကို ဓာတ်ပုံရိုက်ရတာ သဘောကျပါတယ်။ ဒါ့ကြောင့် ဒီတစ်ပတ်အတွက်ပြိုင်ပွဲဝင်ဓာတ်ပုံကိုလည်း ခရီးသွားရင်းရိုက်ယူခဲ့တဲ့ လှပပြီး အေးချမ်းတဲ့ ရေတံခွန်တစ်ခုဓာတ်ပုံကိုမျှ‌ဝေပေးဖို့ ရွေးချယ်ခဲ့ပါတယ်။ လှပပြီး အေးချမ်းတဲ့ရေတံခွန်ရဲ့အမည်ကတော့ တောကျယ်ရေတံခွန်လို့ခေါ်ပါတယ်။

တောကျယ်ရေတံခွန်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာရှိပါတယ်။ ရွာငံမြို့က ရေတံခွန်တွေပေါများပါတယ်။ ကြည်နူးစရာမြင်ကွင်းတွေနဲ့ ‌အေးချမ်းပြီး ဆိတ်ငြိမ်တဲ့နေရာတွေပေါတဲ့ဒေသဖြစ်ပါတယ်။ အပျိုစင်ဒေသလို့လည်းသတ်မှတ်ထားတဲ့ဒေသလည်းဖြစ်ပါတယ်။

ဒီတောကျယ်ရေတံခွန်ဓာတ်ပုံက လွန်ခဲ့တဲ့နှစ် ရွာငံဒေသကိုရောက်ခဲ့စဉ် ရိုက်ယူခဲ့တဲ့ဓာတ်ပုံဖြစ်ပါတယ်။ မိုးရာသီကုန်ဆုံးပြီး ဆောင်းရာသီကူးပြောင်းတော့မယ့်အချိန်ဖြစ်တဲ့အတွက် ရေတံခွန်က ရေလျော့နည်းနေပါတယ်။ မိုးရာသီကာလမှာ ရေတံခွနါက ရေများပြားလို့ အလွန်လှပပါတယ်။ ရွာငံဒေသက ထွက်ရှိတဲ့ ကော်ဖီကလည်း နာမည်ကျော်ကြားပါတယ်။ ယခုအချိန်ကာလမှာ မြန်မာနိုင်ငံတဝှမ်းလုံးက ပြည်တွင်းစစ်ပွဲတွေကြောင့် အေးချမ်းမှုမရှိတဲ့အတွက် ခရီးသွားလာဖို့အတွက် အဆင်မပြေပါ။ တိုင်းပြည်‌အေးချမ်းသွားတဲ့နေ့မှာ‌ လေ့လာစရာတွေများပြားတဲ့ ရွာငံဒေသကို ထပ်မံသွားရောက်ချင်ပါသေးတယ်။


The photo below is the contestant photo for this week's around the world challenge #40/5.

အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် around the world challenge #40/5 အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။


https://images.ecency.com/DQmRBdBRkSK3opCcT9p7zSuHQkxd8QF3YXrxbXTLbZu8n7d/img_20250207_202042_01.jpeg


With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe

09 February 2025_SUNDAY

https://images.ecency.com/DQmaWiZv934mfZStPBGuKp32BpTW8RW2yLVd2LRMCxP9X6L/1700369483690.gif

Comments

Sort byBest
AI
Waivio AI Assistant
How can I help you today?